Tuesday, December 8, 2015

အစင်စံပြကျေးရွာ

အစင်စံပြကျေးရွာ သမိုင်းကြောင်းဖေါ်ထုက်နိုင်ရေးအတွက် ရုပ်ရှင်နှင့်ဗွီဒီယိုရိုက်ကူးရေးအစီအစဉ်ကို အတည်ပြု ..............................

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ အစင်စံပြကျးရွာ ၊ ပရိယတ္တိရတနာဗိမာန်ကျောင်းတိုက်ကြီးအတွင်းမှာ ခေါင်းစဉ်အရ အတည်ပြုဆွေးနွေးကြရာတွင် တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များ အသက်(၈၀/၇၀ )လူကြီးများ လူငယ် လူရွှယ် လူလတ်များ တက်ရောက်အားပေးအတည်ပြုကြပါသည်။
တက်ရောက်လာသော သံဃာတော်များ( သြ၀ါဒါစရိယ ဆရာတော်များ)
၁။ ရတနာဗိမာန်ကျောင်းဆရာတော်
၂။ သာသနာ့ ဇောတိကကျောင်းဆရာတော်
၃။ တောင်စွန်းပရိယတ္တိစာသင်တိုက်မှ စာချဆရာတော်
၎။ မွန်သီရိဓမ္မကျောင်းဆရာတော်
၅။ ကမ်းနားကျာင်း တိုက်အုပ်ဆရာတော်
၆။ ရတနာဗိမာန်ကျောင်း တိုက်အုပ်ဆရာတော် တို့ဖြစ်ကြပါသည်။
အထင်ကရ လူပုဂ္ဂိုလ်များအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးအချို့နှင့် အထောက်အကူပြု  ဦးဖေမြင့်ဲဦးမောင်မြင့် စတဲ့ လူကြီးများ သရုပ်ဆောင်ကြမည့် အမျိုးသား အမျိုးသမီးများ  နိုင်ငံကျော် သရုပ်ဆောင်မင်းသား ( ကိုမင်းကို နှင့် မိုးမြင့်ကြယ်စဉ် )တို့မှ အားတက်သရော ပါဝင်ကူညီဆောင်ရွက်ရင်း သမိုင်းကြောင်းကို သဘောတူ အတည်ပြုလိုက်ကြပါသည်။ 
အစင်ရာဇ၀င် သမိုင်းကြောင်းစာအုပ်ကိုလည်း ကားရိုက်သောအချိန်တွင် ပြီးအောင်ပြုပေးမည်လို့ 
တာဝန်ခံ သံဃာတော်က ပြောဆိုခဲ့ပါသည်။

No comments:

Post a Comment