Wednesday, December 23, 2015
Sunday, December 20, 2015
ပင်လယ်ဝ ဘုရားတောင်သမိုင်းကြောင်း
(အစင်)ပင်လယ်ဝ ဘုရားတောင်သမိုင်းကြောင်း
=======================
မွန်ပြည်နယ်၊ရေးမြို့နယ်၊ အစင်စံပြကျေးရွာ ဆုတောင်းပြည့် ပင်လယ်ဝ ဘုရားတောင်စေတီတော်မြတ်ကြီးသည်၊ ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ်ဗာန်စံတော်မူပြီး သတ္တခံဒွေး
သက္ကရာဇ် ၂၂၇ ခုနှစ်၊ ဗလသုန္ဒရီမင်းကြီး လက်ထပ်မှာ ရသေ့ညီနောင် သုံးဖြစ်ကြသော နဒီပပဒရသေ့“
သေလာပပဒရသေ့” တို့သည် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး၏ ဓါတ်တော်မွေတော်များကို ပင့်ဆောင်ကာ ရာမညတိုင်းသို့ ကြွချီလာကြရာ နဒီပပဒရသေ့သည် ဘုရားတောင်၊ သာရဒရသေ့သည် ဖါလိန်တောင်တော်မြတ်“သေလာပပဒရသေ့သည် ကျိုက်မင်းပလော့တောင်များတွင် ဓါတ်တော်မွေတော်များကို ဋ္ဌာပနာကာ စေတီငယ်များတည်ပြီး သီတင်းသုံး တရားကျင့်ကြံနေထိုင်တော်မူကြလေသည်။
သက္ကရာဇ် ၃၉၀ခုနှစ်တွင် ပုံဂံအနောရထာမင်း သထုံ(သုဝဏ္စ်ဏဘူမိ ကိုတိုက်ခိုက်ရာ သထုံပျက်သောအခါ မနူဟာဘုရင်၏ မိဖုရား သားတော် သမီးတော်များသည် နောက်ပါများနှင့် ထွက်ပြေးတိမ်းရှောင်ကြရာ သားတော်ဓမ္မပါလမင်းသည် နောက်ပါများနှင့် ရေခံမြေခံကောင်းရာအရပ်ဖြစ်သော မြို့ဟောင်းအရပ် ကင်းတပ်တွင် အခြေချကာ (ရွာကြီး ၁၀ ရွာ )မြို့ဟောင်း“ရွာဟောင်း”ဖယ်ဝီး“သူဋ္ဌေးမအိမ်ရာ“အဘော်“
ဒူးယား“ကလော့“ဟံဂံ“ကဗျာ“ခေါဇာရွာများကို အုပ်ချုပ်တော်မူခဲ့ပါသည်။ ရှေးယခင်က မြို့ဟောင်း “ရွာဟောင်း“ဖယ်ဝီး“အရပ်ဒေသများသည် ပင်လယ်ရေရောက်ရှိရာ နေရာများဖြစ်ခဲ့ပါသည်။
မင်းကြီးသည် နောက်ပါအချို့နှင့် ပင်လယ်ဝသို့ကြွချီရာ ပင်လယ်ဝတောင်ကုန်းပေါ်တွင်ရှိသော စေတီငယ်မှ ရောင်ခြည်တော်များ ကွန့်မြူးနေသည်ကို တွေ့ရပြီး သဒ္ဒါတရားဖြစ်ပေါ်ကာ စေတီငယ်တွင် ရတနာပစ္စည်းများ ဌာပနာပြီး စေတီတော် ကြီးကို သက္ကရာဇ် ၄၅၀ခုနှစ်တွင် တည်ထားတော်မူခဲ့ပါသည်။ မူလထီးတော်မှာ ကျောက်ထီးတော်ဖြစ်ပြီး မွန်ဘာသာဖြင့် ကျိုက်ပန်ပလော စေတီတော်မြတ်ဖြစ်ပါသည်။ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၇)ရက်နေ့တွင် ဘုရားပွဲတော်တစ်ရက်သာကျင်းပပါသည်။
၁၃၄၀ ခုနှစ်တွင် မော်လမြိုင် ထန်းတပင်ကျောင်းဆရာတော် ဦးသုမန ဘေးလမိုင်းဆရာတော် အစင်ကမ်းနားကျောင်းဆရာတော် ဦးနန္ဒ္ဒ္ဒ် နှင့်ရွာသူ ရွာသားများစုပေါင်းကာ ထီးတော်အသစ်တင်လှူခဲ့ပါသည်။
၁၃၆၀ ခုနှစ်တွင် စေတီတော်ကြီး ဟောင်းနွမ်းပျက်စီးနေပြီး ကမ်းနားကျောင်းဆရာတော် ဇီးဖြူသောင်ကျောင်းဆရာတော် ဘုရားတောင်ကျောင်းဆရာတော်နှင့် ဒကာ/မများ ရွာသူ/ရွာသားများစုပေါင်းကာ စေတီတော်မြတ်ကြီးကို ထပ်မံပြင်ဆင်ပြီး ရွှေဆေးများသုတ်လိမ်းကာဖြင့် ၁၃၆၃ခုနှစ် တပေါင်းလပြည့်နေ့တွင် တတိယအကြိမ် ထီးတော်တင်လှူခဲ့ပါသည်။
၁၃၆၅ ခုနှစ်တွင် သီတဂူဆရာတော် ဘုရားကြီး ဝေဠုဝန်တောရ ဆရာတော်ဘုရားကြီး မုဒ်ဦး တောင်တက်လမ်းများကို ဒကာ/မများနှင့် ရွာသူ/သားများစုပေါင်းပြီး ကောင်းမှုပြုခဲ့ပါသဖြင့် ပင်လယ်ဝဘုရားတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို လာရောက်ဖူးမျှော်နိုင်ကြပြီးဖြစ်ပါသည်။

အရှင်အင်္ကုရ
ပရိယတ္တိရတနာဗိမာန်ကျောင်းတိုက်
အစင်စံပြကျေးရွာ၊ ရေးမြို့နယ်
20.12.2015
Thursday, December 10, 2015
အစင်စံပြ ဆရာတော်ကြီးများ ရာဇ၀င်ကို အတည်ပြု
(8-12-2015) အစင်စံပြကျေးရွာ ဆရာတော်ကြီးများအစင်သမိုင်းကြောင်းကို အတည်ပြုနိုင်ရန် ရပ်မိရပ်ဖများ လူငယ်လူရွယ်များ သက်ကြီးရွယ်အိုများ
အစည်းအဝေးကိုတက်ရောက်ကာအတည်ပြုခဲ့ကြပါသည်။
၎င်းအစည်းအဝေးတွင် ဆရာတော်ကြီးများ ကိုယ်စီသြ၀ါဒ ကိုပေးခဲ့ပါသည်။
11.12.2015 ရက်နေ့ လှုပ်ရှားခဲ့သော အစင်သမိုင်းကြောင်း ရိုက်ကူးနိုင်ရေး
============================================
မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ရာဇ၀င်သမိုင်းကြောင်း ဇာတ်ကားကြီးရိုက်ကူးနိုင်ရေးအတွက်
အစင်ကျေးရွာနေ ( ကိုစု+မငယ်)မိသားစုမှ ကျပ်ငွေ သုံးသိန်းခြောက်သောင်း (360000)ကျပ်ကို လှူဒါန်းခဲ့ပါသည်။

Tuesday, December 8, 2015
အစင်စံပြကျေးရွာ
အစင်စံပြကျေးရွာ
သမိုင်းကြောင်းဖေါ်ထုက်နိုင်ရေးအတွက်
ရုပ်ရှင်နှင့်ဗွီဒီယိုရိုက်ကူးရေးအစီအစဉ်ကို အတည်ပြု
..............................
မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ အစင်စံပြကျးရွာ ၊ ပရိယတ္တိရတနာဗိမာန်ကျောင်းတိုက်ကြီးအတွင်းမှာ ခေါင်းစဉ်အရ အတည်ပြုဆွေးနွေးကြရာတွင် တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များ အသက်(၈၀/၇၀ )လူကြီးများ လူငယ် လူရွှယ် လူလတ်များ တက်ရောက်အားပေးအတည်ပြုကြပါသည်။
တက်ရောက်လာသော သံဃာတော်များ( သြ၀ါဒါစရိယ ဆရာတော်များ)
၁။ ရတနာဗိမာန်ကျောင်းဆရာတော်
၂။ သာသနာ့ ဇောတိကကျောင်းဆရာတော်
၃။ တောင်စွန်းပရိယတ္တိစာသင်တိုက်မှ စာချဆရာတော်
၎။ မွန်သီရိဓမ္မကျောင်းဆရာတော်
၅။ ကမ်းနားကျာင်း တိုက်အုပ်ဆရာတော်
၆။ ရတနာဗိမာန်ကျောင်း တိုက်အုပ်ဆရာတော် တို့ဖြစ်ကြပါသည်။
အထင်ကရ လူပုဂ္ဂိုလ်များအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးအချို့နှင့် အထောက်အကူပြု ဦးဖေမြင့်ဲဦးမောင်မြင့် စတဲ့ လူကြီးများ သရုပ်ဆောင်ကြမည့် အမျိုးသား အမျိုးသမီးများ နိုင်ငံကျော် သရုပ်ဆောင်မင်းသား ( ကိုမင်းကို နှင့် မိုးမြင့်ကြယ်စဉ် )တို့မှ အားတက်သရော ပါဝင်ကူညီဆောင်ရွက်ရင်း သမိုင်းကြောင်းကို သဘောတူ အတည်ပြုလိုက်ကြပါသည်။
အစင်ရာဇ၀င် သမိုင်းကြောင်းစာအုပ်ကိုလည်း ကားရိုက်သောအချိန်တွင် ပြီးအောင်ပြုပေးမည်လို့
တာဝန်ခံ သံဃာတော်က ပြောဆိုခဲ့ပါသည်။

Sunday, December 6, 2015
အစင်စံပြကျေးရွာ ရာဇဝင်သမိုင်း
ရေးမြို့နယ် အစင်စံပြကျေးရွာ ကြီးဟာ ရှေးယခင်က ( မွန် )အခေါ်ဆိုရင် ကွာန်းကောန်းအကျန် သဇင်ပန်းရွာလို့ အမည်ရပါတယ် ရာဇဝင်အကြောင်းကိုတော့ ယခုဆက်လက် ရှာဖွေနေဆဲပါ ။
ဝိဇာတမွေးနေ့
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ပရိယတ္တိရတနာဗိမာန်ကျောင်းတိုက် ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဒီ၏ (72)နှစ်ပြည့် ၀ိဇာတမွေးနေ့မင်္ဂလာအလှူပွဲကြီး။
Subscribe to:
Posts (Atom)